မဟာဇေယျသိဒ္ဓိ အဓိဋ္ဌာန် ပညာဒါန ကွန်ပျူတာသင်တန်းဆင်းပွဲ အခမ်းအနားကို (၁.၄.၂၀၁၈) ရက်နေ့ နံနက် (၈) နာရီ အချိန်တွင် ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့ အဓိဋ္ဌာန် သိမ်တော်ကြီးဝင်း ကွန်ပျူတာ သင်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဓိဋ္ဌာန်ပညာဒါန (အခမဲ့) ကွန်ပျူတာသင်တန်းကို ဆရာတော်ကြီး၏ ပံ့ပိုးကူညီမှုဖြင့် မြို့ပေါ်လူငယ်များက (၂၀၁၃) ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ပုံမှန်သင်တန်းများကို စဉ်ဆက်မပြတ်ဖွင့်လှစ်ခဲ့ရာ ယခုသင်တန်းဆင်းပွဲမှာ ကျောင်းသားသူများအတွက် နွေရာသီကွန်ပျူတာအခြခံသင်တန်း ဆင်းပွဲကို (၁-၄-၂၀၁၈) နေ့တွင် ပြုလုပ်ကျင်းပခဲ့ပါသည်။
















