မဟာဇေယျသိဒ္ဓိ အဓီဋ္ဌာန် ပညာဒါန ကွန်ပျူတာသင်တန်း ဖွင့်ပွဲ အခမ်းအနားကို (၁.၃.၂၀၁၈) ရက်နေ့ နံနက် (၈) နာရီ အချိန်တွင် ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့ အဓိဋ္ဌာန် သိမ်တော်ကြီးဝင်း ကွန်ပျူတာ သင်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ မြို့နယ် ပညာရေးမှုး ဆရာကြီး ဦးထွန်းရွှေမှ တက်ရောက် အဖွင့်မိန့်ခွန်းချီးမြှင့် ပြောကြားပြီး သင်တန်းကျောင်း ဥက္ကဌ ဦးစံလှဘော်က သင်တန်းဖွင့်လှစ်ရခြင်း အကြောင်းရှင်းလင်းတင်ပြခြင်း ပြန်ဆက်ဦးစီး ဦးလှဘော်သူ လဝက ဦးစီး ဦးသိန်းမောင် စာတိုက်မှူး ဦးအောင်ကျော်သိန်းနှင့် Future Light Center မှ MD. ဦးလင်းဟိန်းတို့က အကြံပြုဆွေးနွှေးခဲ့ကြပါသည်။ အဓိဋ္ဌာန်ပညာဒါန (အခမဲ့) ကွန်ပျူတာသင်တန်းကို အဓိဋ္ဌာန် ဆရာတော်ကြီး၏ ပံ့ပိုးကူညီမှုဖြင့် မြို့ပေါ်လူငယ်များက (၂၀၁၃) ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ပုံမှန်သင်တန်းများကို စဉ်ဆက်မပြတ်ဖွင့်လှစ်ခဲ့ရာ အပတ်စဉ်(၂၈)ထိ ဖွင့်လှစ်လျှက်ရှိပါသည်။ ယခုသင်တန်းမှာ ကျောင်းသားသူများအတွက် နွေရာသီ သီးခြားအစီစဉ် တစ်ရပ်ဖြစ်ပါသည်။သင်တန်းကာလမှာ တစ်လခွဲဖြစ်ပြီး သင်တန်းသူ/သား (၁၂၀) ဦးအား (၄) သုတ်ခွဲ၍ သင်ကြားသွားမည်ဖြစ်ပါသည်။







