မဟာဇေယျသိဒ္ဓိ အဓိဋ္ဌာန် ဆရာတော်ကြီး သည် တပည့်တကာများ၏ ပင့်ဖိတ်ချက်အရ ၁၄.၃.၂၀၁၈ ရက်နေ့နံနက်တွင် ပုဏ္ဏကျွန်းမြို့သို့ ကြွရောက်လာပြီး လောကမာရဇိန် ဘုရားကြီးသိမ်တွင် တပည့်တကာများ ကွန်ပျူတာ သင်တန်းသူ/သားများ ဆရာ/မများ အား သြဝါဒစကား မှာကြားခဲ့ပါသည်။
ဆရာတော်ကြီး၏ ပံ့ပိုးမှုဖြင့် ဖွင့်လှစ်ထားသည့် နွေရာသီ အခြေခံကွန်ပျူတာသင်တန်း ဖွင့်လှစ်ထားမှုကို ဝင်ရောက်ကြည့်ရှု့အားပေးခဲ့ပြီး ကျောင်းဆောင်သစ်တိုးချဲ့ ဆောက်လုပ်ပေးရန် မှာကြားခဲ့ပါသည်။











