သက်ဆိုင်ရာဌာနအသီးသီးမှ ခွင့်ပြုချက်ရမှသာ အဓိဋ္ဌာန်ဆရာတော်ကြီးဦးဆောင်ပြီး လှူဒါန်းပူဇော်မည့် ရခိုင်ပြည်နယ် ကျောက်တော်မြို့ရှိ မဟာမုနိရုပ်ရှင်တော်မြတ်ကြီး မကိုဋ်တော် (ဦးသျှောင်) အတွက် ရွှေ (၁၀) ကျပ်သားနှင့် ပုဏ္ဏားကျွန်းမြို့ လောကမာရဇိန်သိမ်တော်ကြီးဝင်းအတွင်းရှိ အဓိဋ္ဌာန်အခမဲ့ကွန်ပျူတာသင်တန်းကျောင်းအတွက် ကွန်ပျူတာ ၆ လုံးအတွက် အလှူငွေကို အလှူရှင် ဦးမြင့်ဝင်း၊ ဇနီးဒေါ်ညိုညိုခင်၊ သမီးမစုမြတ်ဇင်နှင့် သားမောင်ဇင်ဖြိုးတို့မိသားစု (မှော်ဝမ်းကလေး၊ ဖားကန့်)မှ အဓိဋ္ဌာန်ဆရာတော်ကြီးအား ပေးအပ်လှူဒါန်းပါသည်။
