မဟာမုနိဘုရား၏ အံ့ဖွယ်တောင်ရှစ်ပါး
- တိရစ္ဆာန်ကျေးငှက် သတ္တ၀ါအပေါင်းတို့သည် ရုပ်တုတော်မြတ်၏ ရွှေပြဿဒ်အပေါ် လွှာကျော်ခုန်ပျံနားခြင်းငှာ မ၀ံ့ခြင်း။
- ရုပ်တုတော်မြတ်၏ ရွှေမျက်နှာတော်သည် ထွန်းပေါ်ထွက်သော လပြည့်ဝန်းသဏ္ဍာန်ကဲ့သို့ နေ့ညဥ့်မစဲ ရှု့မရဲအောင် အမြဲထွန်းတောက်ပသော ရောင်ခြည်တော်မြတ်ကို စွန့်လွှတ်တော်မူခြင်း။
- မိစ္ဆာအသူမှား မတရားကျင့်ကြံသော ဒုဿီလ ပုဂ္ဂိုလ်တို့သည်ထိုရုပ်ထုတော်မြတ်ကို ရှု့ကြည့်ဝင်ဖူး သော်လည်း သောက်ရှုးပမာ ရွှေမျက်နှာတော်သည် ညိုပြာမှောင်လျှက် အရောင်မထွက်ခြင်း။
- ရုပ်ထုတော်မြတ်၏ သဏ္ဍာန်တော်ကို ပုံယူဓာတ်ကူး၍ ရေးသားသွန်းလုပ်သော်လည်း ပင်ပန်းကာမျှ ကျနပီပြင်စွာ မကူးယူနိုင်ခြင်း။
- တရားဆိုင် အမှုပြိုင် အနိုင်အရှုံး ကျင့်သုံးမုသားကျိန်ဆိုငြားလည်း ထင်ရှားလက်ငင်းပျက်ယွင်းထိ ရောက်စေနိုင်သော တန်ခိုးတော်ကြီးမားခြင်း။
- ရဟန်းရှင်လူ ပြည်သူပြည်သား လူအများတို့သည် သဒ္ဓါတရား တိုးပွားတက်ကြွသောကြောင့် ကုဋေသိန်း သောင်းမကသော ရွှေပြားရွှေဆိုင်းတို့ဖြင့် နေ့တိုင်ကပ်လှူကြပါသော်လည်း ပြေပြစ်သန့်စင်ပြည့်ဖြိုး လွင်သော ကိုယ်တော်ရှိခြင်း။
- တစ်ဆယ့်နှစ်လ မည်သည့်အခါ သမယမဆိုညဥ့်ပါနေ့ရော သောသောညံညံမစဲ ပွဲတော်သဘင် လူရှင်အများ စည်ကားဖူးရောက်သော တန်ခိုးတော်မြတ်ကြီးခြင်း။
- တန်ခူး၊ ကဆုန်စသော သင်္ကြန်အတာ ရေသွန်းခါ၌ ၀ဲယာ ရှေ့နောက်မိုးပေါက်မိုးသီးမက အိုးကြီး အိုးငယ်တို့နှင့် ရေသပ်ပ္ပါယ်ကြသော်လည်း ရှေ့တော်ဝယ်အပါး၌ ရေမနားမတည်နိုင်သော တန်ခိုး တော်မြတ်ကြီးခြင်းတို့ဖြစ်ပါသည်။