• This is default featured slide 1 title

    Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by NewBloggerThemes.com.

  • This is default featured slide 2 title

    Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by NewBloggerThemes.com.

  • This is default featured slide 3 title

    Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by NewBloggerThemes.com.

  • This is default featured slide 4 title

    Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by NewBloggerThemes.com.

  • This is default featured slide 5 title

    Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by NewBloggerThemes.com.

မဟာဇေယျသိဒ္ဓိအဓိဋ္ဌာန်ဆရာတော်ဘုရား၏ အာသီသ


မဟာဇေယျသိဒ္ဓိအဓိဋ္ဌာန်ဆရာတော်ဘုရား၏ အာသီသ


၁။ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းစေသောဝ်။
၂။ဓမ္မက္ခန္ဓာ ကျမ်းပေစာ၊ ငါးထောင်သာသနာ တည်စေသောဝ်။
၃။သာသနာဝန်ထမ်း ရှင်ရဟန်း၊ ရွှင်လန်းအေးမြပါစေသောဝ်။
၎။မင်းစိုးရာဇာ၊ နရိန္ဒာ၊ ကျန်းမာချမ်းသာပါစေသောဝ်။
၅။တိုင်းပြည်မြို့ရွာ၊ လူများစွာ ချမ်းသာအေးမြပါစေသောဝ်။
၆။င်ငံပြည်သူ နှစ်ပါးမူ၊ ကြည်ဖြူ မေတ္တာရှိစေသောဝ်။
၇။တိုင်းပြည်စိုးငြား လူကြီးများ၊ တရားမျှတစောင့်စေသောဝ်။
၈။နတ်ကောင်းနတ်မြတ်၊ သူတော်ထွဋ် မပြတ်စောင်မပါစေသောဝ်။
၉။ကမ္ဘာသူ၊ ကမ္ဘာသား၊ ရှင်လူများ၊ သစ္စာအဓိဋ္ဌာန် တည်စေသောဝ်။
......................................
သဗ္ဗေသတ္တာ၊ သုခိတာဟောထ၊ ဒုက္ခမုစ္စထ
......................................
Share:

မဟာမြတ်မုနိအဓိဌာန်ကျင့်စဉ်

မဟာမုနိဘုရား၏ အံ့ဖွယ်တောင်ရှစ်ပါး

  • တိရစ္ဆာန်ကျေးငှက် သတ္တ၀ါအပေါင်းတို့သည် ရုပ်တုတော်မြတ်၏ ရွှေပြဿဒ်အပေါ် လွှာကျော်ခုန်ပျံနားခြင်းငှာ မ၀ံ့ခြင်း။
  • ရုပ်တုတော်မြတ်၏ ရွှေမျက်နှာတော်သည် ထွန်းပေါ်ထွက်သော လပြည့်ဝန်းသဏ္ဍာန်ကဲ့သို့ နေ့ညဥ့်မစဲ ရှု့မရဲအောင် အမြဲထွန်းတောက်ပသော ရောင်ခြည်တော်မြတ်ကို စွန့်လွှတ်တော်မူခြင်း။
  • မိစ္ဆာအသူမှား မတရားကျင့်ကြံသော ဒုဿီလ ပုဂ္ဂိုလ်တို့သည်ထိုရုပ်ထုတော်မြတ်ကို ရှု့ကြည့်ဝင်ဖူး သော်လည်း သောက်ရှုးပမာ ရွှေမျက်နှာတော်သည် ညိုပြာမှောင်လျှက် အရောင်မထွက်ခြင်း။
  • ရုပ်ထုတော်မြတ်၏ သဏ္ဍာန်တော်ကို ပုံယူဓာတ်ကူး၍ ရေးသားသွန်းလုပ်သော်လည်း ပင်ပန်းကာမျှ ကျနပီပြင်စွာ မကူးယူနိုင်ခြင်း။
  • တရားဆိုင် အမှုပြိုင် အနိုင်အရှုံး ကျင့်သုံးမုသားကျိန်ဆိုငြားလည်း ထင်ရှားလက်ငင်းပျက်ယွင်းထိ ရောက်စေနိုင်သော တန်ခိုးတော်ကြီးမားခြင်း။
  • ရဟန်းရှင်လူ ပြည်သူပြည်သား လူအများတို့သည် သဒ္ဓါတရား တိုးပွားတက်ကြွသောကြောင့် ကုဋေသိန်း သောင်းမကသော ရွှေပြားရွှေဆိုင်းတို့ဖြင့် နေ့တိုင်ကပ်လှူကြပါသော်လည်း ပြေပြစ်သန့်စင်ပြည့်ဖြိုး လွင်သော ကိုယ်တော်ရှိခြင်း။
  • တစ်ဆယ့်နှစ်လ မည်သည့်အခါ သမယမဆိုညဥ့်ပါနေ့ရော သောသောညံညံမစဲ ပွဲတော်သဘင် လူရှင်အများ စည်ကားဖူးရောက်သော တန်ခိုးတော်မြတ်ကြီးခြင်း။
  • တန်ခူး၊ ကဆုန်စသော သင်္ကြန်အတာ ရေသွန်းခါ၌ ၀ဲယာ ရှေ့နောက်မိုးပေါက်မိုးသီးမက အိုးကြီး အိုးငယ်တို့နှင့် ရေသပ်ပ္ပါယ်ကြသော်လည်း ရှေ့တော်ဝယ်အပါး၌ ရေမနားမတည်နိုင်သော တန်ခိုး တော်မြတ်ကြီးခြင်းတို့ဖြစ်ပါသည်။
Share:

ဒုတိယအဆင့် (၂၇) ရက်

ဒုတိယအဆင့် (၂၇) ရက်
  • အရဟံ 
  • သမ္မသမ္ဓုဒ္ဓေါ 
  • ၀ိဇ္ဇာစရဏသမ၌န္နော
  • သုဂတော
  • လာက၀ိဒူ
  • အနုတ္တရော ပုရိသဓမ္မသာရထိ
  • သတ္တောဒေ၀မနုဿနံ
  • ဗုဒ္ဓေါ
  • ဘဂ၀ါ 
ဂုဏ်တော်ကိုးပါးကို 
အဓိဌာန်ပြည့်အောင် တစ်ရက်လျှင် တစ်ပါးကျစိတ်၍ အောင်ပွဲကျင်းပလေ။
တတိယ၊ စတုတ္ထစသော အဆင့်များကို ဆက်လက်အားထုတ်လိုပါက (အဓိဌာန် ဆရာတော်ဘုရား၏ မဟာဇေယျ သိဒ္ဓိကျင့်စဉ်ကျမ်းကို ရှုပါ)
အမျှပေးဝေခြင်းနှင့် သာဓုအနု မောဒနာပြုခြင်း၊ အကျွန်ုပ်ပြုရသော ကုသိုလ်ကံ၏ အဖို့ပါကကို မိခင်၊ ဖခင်၊ ဆရာရှင်နှင့်တကွ ကိုယ်စောင့်နတ်၊ အဓိဌာန်သိမ်တော်စောင့်နတ်၊ ပြည်စောင့်နတ်၊ တောစောင့်နတ်၊ ရေစောင့်နတ်၊ သာသနာတော်စောင့်နတ်၊ အာကာသစိုး၊ ဘုမ္မစိုး၊ ရုက္ခစိုး၊ နဂါး၊ ဂဋ္ဌုံ၊ ကုမ္ဘာန်ယက္ခ၊ ဂန္ဓဗ္ဗနှင့် စတုလောကပါလ စစွာသောင်းသောင်း သုံးဆယ့်တစ်ပုံ ကျင်လည်နေကြကုန်သော ဒုက္ခိတ၊ သုခိတ၊ ဝေနေယျ သတ္တ၀ါ အပေင်းတို့အား အမျှပေးဝေလိုက်ပါ၏။ အမျှ – အမျှ – အမျှ ယူတော်မူကြပါကုန်လော့ . . .။
အမျှရကြ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ ရွှင်လန်းနိုင်ကြပါသော်ဝ်။
သူတော်စင် သူတော်ကောင်းအပေါင်းတို့ ပေးပို့လိုက်သော မဟာဇေယျသိဒ္ဓိဆုတော်မြတ်နှင့် မေတ္တာ ဘ၀နာ တို့ကိုလည်း သာဓု – သာဓု – သာဓုပါ ဘုရားဟုဆိုကာ ကြေးစည် သုံးကြိမ်တီး၍ အဓိဌာန်မှ ထပါကုန်။
Share:

အဓိဌာန်ဝင်ရာ၌ တိုင်တည်ရန်

အဓိဌာန်ဝင်ရာ၌ တိုင်တည်ရန်
အဓိဌာန် ဆောက်တည်လိုသော ယောကီသူတော်စင်သည် ရေသန့်သန့်တစ်ခွက်ကို မိမိရှေ့တွင်ချ၍ မြတ်စွာဘုရားအား လက်အုပ်ချီလျှက် ဤသို့တိုင်တည်ပါ . . .။
ဘုရားတပည့်တော်/မသည် ယနေ့မှစ၍ (အရဟံ ဂုဏ်တော်မြတ်ကို အဓိဌာန် (၉) ရက် ဆောက်တည် လျှက်) တစ်ရက်လျှင် အနည်းဆုံး စိတ်ပုတီး (၉) ပတ်စီ ဆင်ခြင်ပွါးများအားထုတ်ပါမည် ဘုရား . . .။
ဘုရားတပည့်တော်/မ အားထုတ်လတ္တံ့သော ဂုဏ်တော်မြတ်ကို လေးစားသောအားဖြင့် 
အဓိဌာန်ကာလ အတွင်း – 
  • (၁) အနန္တောအနန္တငါးပါးကို မပြစ်မှားပါ ဘုရား၊
  • (၂) ကာမေသု မိစ္ဆာစာရကံကို မကျူးလွန်ပါ ဘုရား၊
  • (၃) လောင်းတမ်း ကစားခြင်းနှင့် သူရာမေရိယကံကို မကျူးလွန်ပါ ဘုရား၊(၄) ကျွဲသား၊ နွားသား စသော အသားမှန်သမျှကို မစားသုံးပါ ဘုရား၊
ဤလေးချက်ကို အရှင်ဘုရား ရှေ့မှောက်တွင် သစ္စာအဖြစ် ခံယူပါ၏။ ဤသစ္စာလေးချက် မပျက်မကွက် ဘဲမှန်ကန်သည်ရှိသော် ဘုရားတပည့်တော်/မ ကိုယ်စိတ်နှပါးတို့သည် အမြဲတမ်း ကျန်းမာချမ်းသာပြီး ပြောသမျှ စူးရှ၊ ကြံသမျှအောင်မြင်၊ လုပ်သမျှ ပြီးစီးနိုင်သော မဟောဇေယျ သိဒ္ဓိဆုတော်မြတ်ကို ယခုမြန်စွာ ရလိုပါ၏။ အရိယာ အရှင်သူတော်စင်တို့ သိမြင်သော သစ္စာလေးပါး တရားထားကို သိရ၍ မဂ်ဥာဏ် ဖိုလ်ဥာဏ်မြတ်နိဗ္ဗာန် ကို လည်း လျင်မြန်စွာ မျက်မှောက်ပြုရပါလို၏။ ဘုရားတပည့်တော်/မ၏ အသက်နှင့် ခန္ဓကိုယ်ကို မြတ်စွာဘုရား အားလည်းကောင်း၊ တရားတော်မြတ်အားလည်းကောင်း၊ လောကုတ္တရာ ၀ိဇ္ဇာဓိုရ်အရှင်ကောင်း အရှင်မြတ်တို့ အား လည်းကောင်း အရှင်မြတ်တို့အားလည်းကောင်း အမြဲနိစ္စ လှူဒါန်းပါ၏။ သာသနာတော်စောင့်၊ ကမ္ဘာစောင့် သမ္ဘာဒေ၀နတ်မြတ်အပေါင်း၊ တို့အား ကျွန်ုပ်၏ အသက်နှင့် ခန္ဓာကိုယ်ကို အမြဲနိစ္စအပ်နှံထားလိုက်ပါ၏။ အကျွန်ုပ် အား အဓိဌာန်သစ္စာတည်နေ သမျှ ကာလပတ်လုံး အဖက်ဖက်အရာရာမှ အမကောင်းကို ပယ်၊ ကောင်းကိုကယ် ၍ ကူညီမစ . . . စောင့်ရှောက်ပေးကြပါကုန်လော့။ ကူညီမစ စောင့်ရှောက်ကြမည့် ပုဂ္ဂိုလ်တို့မှအပ အနှောက်အယှက်၊ အဖျက်အဆီး၊ အတားအမြစ်၊ အပိတ်အပင်၊ အကန့်အတွက်၊ အနှောက်အဖွဲ့၊ အစွဲအလန်း၊ အပြုအတိုက် လုံးဝမရှိစေရ။ ဘုရားသခင်တို့ အရှင်၏ အမိန့်အာဏာဖြစ်သည်။ အာဏာတော်မြတ် တည်တံ့ ပါစေဘုရား ဆို၍ ချထားသော သစ္စာရေခွက်ကို သောက်လိုက်ပါ။
အဓိဌာန် ပထမအဆင့် (၉) ရက် ဤ (၉) ရက်တွင် အရဟံဂုဏ်တော်မြတ်ကို တစ်ရက်လျှင် အနည်းဆုံး (၉) ပတ်စိတ်ပါ။ (၉) ရက်ပြည့်လျှင် (၁) သင်ပုန်းဆွမ်း (၉) ခု (၂) အမွှေးတိုင် (၉) ခု (၃) ပန်း (၉)ပွင့်ငါးအရှင် (၉)ကောင် လှူဒါန်းမူဇော်၍ အောင်ပွဲကျင်းပလေ . . .။
မှတ်ချက်။ ။သင်ပုန်းဆွမ်းဆိုသည်မှာ ဆွမ်းချက်ပြီး သစ်ရွက်ကို ကတော့ကဲ့သို့ ပြုလုပ်လျှက် ဆွမ်းကိုထည့် ပြီး စေတီငယ်ကဲ့သို့ပြုလုပ်၍ ဆွမ်းကပ်ခြင်းဖြစ်ပါသည်။
Share:

Software Apk အား Download လုပ်ရန်

မဟာဇေယျသိဒ္ဓိအဓိဌာန်ပညာဒါန ကွန်ပျူတာသင်တန်း Software Apk အား အောက်ပါ Dropbox Link မှ အခမဲ့ Download လုပ်နိုင်သည်. . . .

>>>>>> Download now<<<<<<




Share:

မုဒြာဟန်နှင့် အဆင်တန်ဆာများ . .

မုဒြာဟန်နှင့် အဆင်တန်ဆာများ

မဟာကျိန်ဘုရားများသည် နန်းတက်သော ဘုရင်တစ်ပါးစီ၏ ဆန္ဒတော်အတိုင်း သွန်းလုပ်ပူဇော်ရသဖြင့် မုဒြာဟန်အဆင်တန်ဆာများတူညီမှုမရှိဘဲ ကွဲပြားခြားနားရသည်။
ထုလပ်သောရုပ်ပွားတော်များသည် ဘယ်ခြေဖ၀ါးကို ဘယ်ပေါင်ပေါ်တွင်တင်ထားသည့်ပုံစ့တစ်မျိုးနှင့်ခြေဖ၀ါးဖက်လုံးကို တင်ပလ္လင်ခွေပေါ်တွင် ပက်လက်လှန်၍ ဘယ်/ညာ တစ်ဖက်တစ်ချက်စီယှက်ပြီး တင်ထားသော ပုံစံတစ်မျိုးဟူး၍ စုစုပေါင်း (၂) မျိုးရှိပါသည်။
၁။ ဘူမိဖဿမုဒြာ
ဘယ်ဘက်လက်ဖ၀ါးကို တင်ပလင်က္ခင်ခွေပေါ်တွင် ပက်လက်လှန်ထား၍ ဆေးတော်အိုး (အမြို့အိုး) ကို တင်ထားရပါသည်။ ညာဘက်လက်ကို ညာဒူးပေါ်တွင် မှောက်လျက် တင်ထားပြီး လက်ချောင်းထိပ်ဖျားများက မြေကြီး(သို့) ပလက္ခင်တော်ကို ထိနေရသည့်ဟန်ဖြစ်ပါသည်။
၂။ ဈနမုဒြာ
လက်တော်(၂) ဖက်ယှက်၍ ဘယ်လက်ဖ၀ါးပေါ်တွင် ညာလက်ဖ၀ါးတင်၍ လက်တော်၏ပုံသဏ္ဍာန်မှာ ပက်လက်ဖြစ်ပြီး လက်မထိပ် ၂ ခုကို ထိနေရမည်။ ထိုလက်ဖ၀ါးပေါ်တွင် အမြိုက်အိုးတင်ထားသည့်ဟန်ဖြစ်ပါသည်။
၃။ ၀ီရမုဒြာ
တင်ပလက္ခင်ခွေပေါ်တွင် ဘယ်ဘက်လက်ဖ၀ါးကိုပက်လက်လှန်ထား၍ အမြိုက်အိုး(သို့) တစ်စုံတစ်ရာကိုကိုင်ထားသည့်ပုံစံဖြစ်ပြီး ညာလက်တော်သည် အပေါ်သို့ တစ်တောင်ဆစ်ကွေး၍ထောင်ထားပြီး လက်ဖ၀ါးတော်ကို ဒေါင်လိုက်ထောင်ထားသည့် ဟန်ဖြစ်ပါသည်။
သွန်းလုပ်သည့်အရွယ်အစား
မဟာကျိန်ဘုရား၏ ဆင်းတုတော်အတိုင်းအတာမှာ တည်ထားကိုးကွယ်မည့် ဘုရင်တစ်ပါးစီ၏ ဆန္ဒတော်အတိုင်း အကြီးဆုံးသည် ဥာဏ်တော်တစ်တောင် ခန့်ဖြစ်ပြီး အငယ်ဆုံးသည် ဥာဏ်တော်တစ်မိုက်ဖြစ်ပါသည်။
ပူဇော်ရပါသည်။ ထိုမဟာကျိန်ဘုရားကို မင်းဝတ်တန်ဆာများဝတ်ဆင်ထားခြင်းကို တေါပရှိရခြင်းအားဖြင့် ရှေးရခိုင်မင်းမြတ်များ၏ ၀တ်စာဆင်ယင်ပုံကို ထင်ဟပ်ပေါ်လွင်နေပါသ်ာ။ ဗုဒ္ဓါဘိသေကကျမ်း ရှေးဟောင်းပေမူ၌ တိုင်းပြည်အုပ်ချုပ်သော ဘုရင်များသည် နန်းတက်၍ ဘိသိက်မင်္ဂလာမမြှောက်မီ ဦးစွာ ဗုဒ္ဓါဘိသေကမင်္ဂလာပြုလုပ်ရကြောင်းပါရှိပါသည်။ ယင်းခေတ်အခါက ဘုရင်များ ဦးထိပ်ထား၍ ကျိန်ဆိုသစ္စာပြုရသော ဗုဒ္ဓရုပ်ပွားတော်များကို မဟာကျိန်ဘုရားဟုခေါ်ပါသည်။
အေဒီ ၄ ရာစုအတွင် ဝေသာလီခေတ်၊ ရခိုင်ဘုရင်များသည် နန်းတက်မင်္ဂလာ အခမ်းအနားပွဲအတွက် နန်းတက်ဘုရား (သို့) ရာဇဘိသေက ဘုရား (သို့) မဟာကျန်ဘုရားတစ်ဆူစီကို သွန်းလုပ်ပူဇော်လျက် တိုင်းပြည်၏ ဘာသာရေး၊ အုပ်ချုပ်ရေး၊ တရားဥပဒေပြုရေး၊ စီမံခန့်ခွဲရေးများကို မင်းကျင့်တရားနှင့် အညီ သစ္စာအဓိဌာန်ပြုစိုးစံအုပ်ချုပ်ခဲ့ရသည်ဖြစ်သောကြောင့် မဟာကျိန်သစ္စာရှင်ဘုရားဟု အမည်သမုတ်သည်ဟု မှတ်ယူနှိင်ပါသည်။
Share:

မဟာကျိန်သစ္စာရှင်ဘုရား သွန်းလုပ်ပုံအဆင့်ဆင့်

မဟာကျိန်ဘုရား သွန်းလုပ်ပုံအဆင့်ဆင့် . . . .  

မဟာကျိန်ဘုရား စတင်သွန်းလောင်းရန်အတွက် ပညာရှိပုရောဟိတ် ဟူးရားကြီးတို့သည် ပြည်စိုးကြီးအမတ် (သို့) နန်းရင်းဝန် (သို့) အမတ်ချုပ်တို့နှင့် တိုင်ပင်၍ သင့်မြတ်သောနေ့ရက် အခါနာရီကို တွက်စစ်ကာ ထင်ရှားသော ဘုရားသိမ်တော်အနီး၌ ဖြစ်စေ သင့်လျော်သောနေရာတစ်ခု၌ဖြစ်စေ၊ ညီညာသောမြေတလင်းပြုလုပ်၍ မြေစေးဖြင့် လိမ်းကျံကာ သဲဖြူခင်းရ၏။ ရတန်ာ (၇)ပါးရေ၊ အမွှေးနံ့သာရည်များပက်ဖျန်းရ၏။ ၄င်းနောက် သံဃာတော်အရှင်မြတ်များကို ပင့်ဖိတ်၍ ဆွမ်းကပ်လှူခြင်း၊ ကမ္မ၀ါရွက်ဖတ်ခြင်း၊ အောင်ခြင်းရှစ်ပါး၊ မင်္ဂလသုတ်၊ ရတနသုတ်၊ ဘူမိဇယမန္တာန်တော်များကို ရွတ်ဖတ်သရဇ္ဈာယ်ကာ မြေကို သန့်စင်ရပါသည်။ လေးဖက်လေးတန် ရာဇမတ်သုံးထပ်ကာရံ၍ စည်းသုံးတန် တားရသည်။
အတွင်းဆုံးစည်း ရာဇမတ်အတွင်း၌ အပြစ်ခြောက်ပါးကင်းစင်သော ကံ့ကော်၊ စံကား၊ ချရား၊ ပိန္နဲ စသော နံသင့်သစ်တိုင်ရှစ်တိုင်ကို သစ်စေးကိုင်၍ ရွှေပိန်းချကာ အရပ်ရှစ်မျက်နှာ၌ နေ့နံအလိုက် ဂြိုလ်တိုင်ရှစ်တိုင် စိုက်ထူရ၏။ အညွန့်ရှင် မင်းယောင်္ကျားသာစိုက်ထူရ၏။ လဲပြိုခြင်းမရှိစေရ။ ရင်းဖျား မမှားစေရပါ။ နေ့နံနှင့် ဂြိုလ်တိုင်မမှားစေရ။ ရာဇမတ်အတွင်း အလယ်ဗဟိုတွင် မဟာကျိန်ဘုရားသွန်းလုပ်ရန် အိုးသစ်၊ မီးဖိုသစ်များကို အဆင်သင့်ထားရှိစေပြီး ရွှေဖျင်၊ ငွေဖျင် မိုးကာထားသောမဏ္ဍပ်ထိုးရခြင်း၊ ရတနာများကို ကျိုရန် နံ့သာ စသော အမွှေးအကြိုင်ထင်းများကိုသာ အသုံးပြုရ၏။ ၄င်းနောက်ငွေစင်ငွေအိုး (၉)လုံး၊ ထီးဖြူ (၉) လက်ကို ဘုရားသွန်းလောင်းမည့်နေရာတွင် တစ်ုခစီ ဂြိုလ်တိုင်ရှစ်ုလုံးတွင်ထားရ၏။ တံခွန်၊ ကုက္ကား၊ မုလေပွေများကိုလည်း စိုက်ထူရ၏။ ရာဇမတ်ကာရံထားသော စည်းသုံးတန်ထောင့်များတွင် အသီးနှင့်ပြည့်စုံသော ငှက်ပျောပင် စုစုပေါင်း တစ်ဆယ့်နှစ်ပင်စိုက်ထူထားရမည်။ အတွင်းရာဇမတ်ပတ်လည်တွင် ပိတ်ဖြူကာရံ၍ အပြင်ရာဇမတ်ထပ်တွင် ရှာနီပိတ်ကာရံရ၏။
အခမ်းအနားစမည့်အချိန်နာရီ နက္ခတာရာအခါ ကိုက်ညီသည်နှင့်တစ်ပြိုင်တက်သီလမြဲသော ဟူးရာဖြူ လေးယောက် ဟူးရာညိုလေးယောက်တို့သည် သန့်စင်သော အ၀တ်ဖြူကိုဝတ်ဆင်လျက် ပတ္တမြားစီသော လက်ယာရစ်ခရုသင်းကိုယ်စီကိုင်ပြီး ရာဇမတ်အတွင်း ဂြိုလ်တိုင်ရှစ်တိုင်၌ရပ်ကာ အခါစေ့သည်ဟု အချက်ပြသည်နှင့် တစ်ပြိုင်နက် ခရုသင်းမှုတ်ခြင်း၊ ဂြိုလ်စောင်နတ်၊ စတုလောကပါလနတ်၊ သာသနာစောင့်နတ်၊ ပြည်စောင့်နတ်၊ အာကာသစိုး၊ ဘုမ္မစိုး၊ ရုက္ခစိုးနတ်များအား ပင့်ဖိတ်ခြင်းပြုလုပ်ရ၏။ ထို့နောက် ဂြဟဇယဂါထာတော်၊ သရဏသီရိသျှိန္ဒ ဘူမိဇာလဂါထာတော်နှင့် အခြားသော ဂါထာမန္တာန်တော်များကို ရွတ်ဖတ်ကြရ၏။ ထိုအချိန်တွင် ဘုရားသွန်းလောင်းမည့် ပန်းတဉ်းဆရာကြီးများသည် သီလ ဆောင်တည်ကာ ၀တ်ဖြူစင်ကြယ်ဝတ်ဆင်လျက် စန္ဒာကူးနံ့သာထင်းကို မီးမွှေးပေးရ၏။ ထိုအချိန်မှစ၍ ရာဇမတ်စည်းကာထားသောနေရာတွင်းသို့မည်သူမျှဝင်ခွင့်မရ။ စည်းအတွင်းမှ လူများလည်း အပြင်သို့ထွက်ခွင့်မရ။ ဤသို့ (၉) ရက်တိုင်တိုင်နေကြရ၏။ စည်းအတွင်းမှ လူများအားလုံးလည်း သီလမြဲကြရ၏။ အ၀င်၊ အထွက် မပြုနိုင်အောင် ထက်အောက်ဝန်းကျင်အရပ်၌ သူရဲသူခက်များကို အစောင့်ချထားရ၏။ ဟူးရားဖြူ၊ ဟူးရားညို၊ ပန်းတဉ်းဆရာကြီးများ စားသောက်နေထိုင်ရန် အလယ်စည်းအတွင်း ၌ စီစဉ်ထားရ၍ ကိုယ်လက်သန့်စင်ရန် အပြင်စည်းအတွင်း၌ ပြုလုပ်ပေးထားရ၏။ လိုအပ်သောအစားအစာနှင့် သောက်သုံးရေများကို စညိးအပြင်ဘက်မှ ကမ်းလှမ်းကြရ၏။ ဟူးရားဖြူ။ ဟူးရားညိုတို့က ဂါထာမန္တများကိုရွတ်ဆိုနေစဉ် ပန်းတဉ်းဆရာကြီးများက မဟာကျိန်ဘုရားသွန်းလောင်းမည့်ရတနာများကို သန့်စင်သောအိုး၊ သန့်စင်သောမီးဖိုများဖြင့် အမွှေးနံသာမီးလျှံတည့်ကာ အရည်ပျော်စေပြီး ညဘက်တွင်မီးငြိမ်းအေးစေရ၏ ရေဖြင့်ပက်ဖျန်း၍ မီးမငြိမ်းရ။ ရတနာများကျိုချက်သောအိုးကိုမီးဖိုပေါ်တင်ထားရ၏။ မီးဖိုပေူမှ ရွေ့ပြောင်းခြင်းလုံးဝမရှိစေရ။ မီဒအရှိန်ကိုလည်း အိုးအလျှော့မရှိစေရ။ တစ်မီးတည်းဖြင့်ကျိုရခြင်းဖြစ်ပါသည်။ မီးကို လုံးဝငြိမ်းသတ်ခြင်း မရှိစေရပါ။ အလိုလျောက်ငြိမ်းအေးစေရာ၏။ နောက်နေ့နံနက် အာရုံတက်ချိန်တွင် ဆိုခဲ့ပြီးသည့်အတိုင်းလုပ်ကြရ၏။ ဤသို့ဖြင့် ကိုးရက်မြောက်နေသောနေ့အခါကောင်းအခါမြတ်ရောက်သည်နှင့် တစ်ပြိုင်နက် ပန်းတဉ်းဆရာကြီးများသည် ကျိုချက်သန့်စင်ထားသော ရတနာများဖြင့် မဟာကျိန်ဘုရားကို သွန်းလောင်းကြရပါသည်။ ရုပ်ပွားတော်ကို အရှေ့ဘက်အရပ်မျက်နှာ သွန်းလုပ်ရပြီး သွန်းလုပ်နေစဉ်အတွင် ဟူးရားဖြူ၊ ဟူးရာညိုတို့က ရွှေပေါက်ပေါက် ငွေပေါက်ပေါက် ကြဲဖြန့်လျက် အနေကဇာတိ သံသာရံ အစချီဂါထာတော်ကို ရွတ်ဖတ်ပူဇော်ကြရသည်။
မဟာကျိန်ဘုရား၏ပုံောတ်မှာ တင်ပျဉ်ခွေပုံတော်ဖြစ်ပါသည်။ ဦးတော်တွင် ရာဇာဘိသေကမင်္ဂလာခ့ယူမည့်ဘုရင်၏ မကိုဋ်သရဖူအတိုင်း သရဖူဆောင်ထားလျှက် လည်ပင်းတော်၌ အရေးသုံးရေးပါရှိပြီး နားတော်မှာ ပုခုံးတော်နှင့် မထိဘဲ ဘုရင်မင်းမြတ်ဝတ်ဆင်ထားသော နားတောင်းမျိုးဝတ်ဆင်ထားရသည်။ ၀တ်ရုံတော်မှာလည်း ဘိသိက်ခံဘုရင်၏ ၀တ်ရုံတော်မျိုးဖြစ်သည်။
Share:

မဟာကျိန်သစ္စာရှင် ဘုရားသမိုင်း


မဟာကျိန်သစ္စာရှင် ဘုရားသမိုင်း . . . .
ရှေးအခါက ဗုဒ္ဓါဘိသေကမဂ်လာဆင်ယင်ကျင်းပရာ၌ အသုံးပြုခဲ့သော ဘုရားဆင်းတုတော်ကို ဘိသေကမုနိဆင်းတုတော်ဟု ခေါ်သည်။ ဤဘိသေကမုနိသွန်းခြင်းကို ဝေသာလီခေတ် မဟာစန္ဒြမင်းကြီးက အစပြုခဲ့ကြောင်းမှတ်တန်းများအရ သိရှိရသည်။
ရခိုင်တွင် ခေတ်(၄)ခေတ်ပေါ်ပေါက်ခဲ့သည်။ ဘီစီ ၅၈၀ မှ အေဒီ ၃၂၆ ထိ ဓည၀တီခေတ်၊ အေဒီ ၈၁၈၁ အထိ ဝေသာလီကျောက်လှေကားခေတ်၊ အေဒီ ၈၁၈ မှ အေဒီ ၁၄၃၀ အထိလေးမြို့ခေတ်၊ အေဒီ ၁၄၃၀ မှ အေဒီ ၁၇၈၄ ထိမြောက်ဦးခေတ်တို့ဖြစ်ကြသည်။
ဝေသာလီ ကျောက်ချေကားခေတ်ကို မဟာသူရိယတိုင်း စန္ဒြမင်း (မဟာ စန္ဒြမင်း) သည် အေဒီ ၃၂၇ တွင်စတင်တည်ထောင်ခဲ့သည်။ ဤစန္ဒြမင်းအကြောင်းကို မဟာဇာရ၀င်တော်ကြီးတွင် သူရိယကေတုမင်းကြီးနှင့် မိဘုရား သုဘာသီလတို့မှ မိဘုရား၏အိမ်မက်အရ ဖွားတော်မူသောသားဖြစ်၍ ဘုန်းကြီးသောမင်းသားဖြစ်မည်ဟု ပညာရှိများက ဟောကိန်းထုတ်ခဲ့လေသည်။ မင်းသားအားဖွားမြင်သောနေ့တွင်ပင် ဥက္ကာပျံခြင်း၊ မြေကြီးတုန်လှုပ်ခြင်းတို့ဖြစ်ကုန်သည်။ ထိုအတိတ်နိမိတ်ကြောင့် မင်းသားကို မဟာစန္ဒြမင်းဟု မှည့်ကုန်၏။
ထိုမင်းသားအရွယ်ရောက်လတ်သော် ဦးရီးတော်၏ သမီးရင်း သုပဘာဒေ၀ီနှင့် ထိမ်းမြားမင်္ဂလာပြုတော်မူ၏။ ဖခမည်းတော်က မင်းသားအား အိမ်ရှေ့မင်းအဖြစ်ကို အပ်နှင်းတော်မူ၏။
ဖခမည်းတော် သူရိယကေတုမင်း နတ်ရွာစံလွန်လျှင် ထီးနန်းကို ဆက်ခံလေသည်။ ထိုစန္ဒြမင်းသည် ဘုန်းတန်ခိုး အလွန်ကြီး၍ သိကြားမင်းက အရိန္ဒမာလှံပျံကို ဆက်သက်ရလေသည်။
` ထိုအရိန္ဒမာလှံပျံသည် အရိုးရွှေဖြင့်ပြီး၍ သုံးတောင်ရှည်၏။ လှံသွားသုံးမိုက်ရှည်၍ စိန်ဖြင့်ပြီး၏။ မိုးကြိုးလက်ကောက်ဝါးချည်ဝတ်လျက်ပါ၏။ အမွေးလည်းမိုးကြိုးဖြင့်ပြီး၏။ အောက်မြီးပွင့်ကားအနီ၊ အောက်ခံကတော့ကား ပတ္တမြားဖြင့်ပြီး၏။ ထိုနှစ်တွင်ပင် ဘိသိပ်ခံတော်မူ၏။ အေဒီ-၃၂၆ နှစ်မလည်ခင်ပင်လျှင် ဆင်ဖြူရတနာသေ၏။ မိဖုရားကြီး အနိစ္စရောက်လေသည်။ ဤအကြောင်းကိုဗေဒင်တတ်ဟူးရားကျော်တို့က ဓည၀တီမြို့ကိန်းခန်းကုန်၍ မြို့တော်အသစ် တည်သင့်ကြောင်းလျှောက်ထားကြသည်။
ထို့ကြောင်းကန်သုံးဆင့်ကိုတည်၍ တစ်နှစ်စိုးစံခဲ့သည်။ ထိုမြို့၌ စိုးစံနေစဉ် နန်းတော်အတွင်းရောဂါများဖြစ်၍ ထိုနှစ်တစ်ဖန် မြို့သစ်အဖြစ် ဝေသာလီ ကျောက်လှေကားမြို့တော်ကိုတည်ထောင်တော်မူသည်။
ထို့နောက်ရှိပြီးသော မဟာမုနိသိမ်တော်ကို အသစ်တည်ဆောက်ခဲ့သည်။
မဟာမုနိဆင်းတုတော်တွင်လည်း မိမိရာဇဘိသိက်ျသွန်းလုပ်စဉ် ၀တ်ဆင်ခဲ့သော မင်းဝတ်တန်ဆာများကို ရွှေဖြင့်ပြုလုပ်ပြီး ပတ္တမြား၊ မြ၊ စိန် တို့ကို စီစေပြီး လှူဒါန်းတော်မူသည်။ မဟာမုနိဆင်းတုတော်မှာ လွန်စွာသပ၌ာယ် တင့်တယ်တော်မူသည်။ ထိုပုံစံအတိုင်း ပဉ္စလောဟာဖြင့် ဆင်းတုတော်သွန်းစေပြီး ဝေသာလီကျောက်လှေကားမြို့တွင်စေတီတည်၍ ဌာပနာထားခဲ့သည်။
Share:

ကွန်ပျူတာသင်တန်း တက်ရောက်လိုသူများ ဆက်သွယ်နိုင်ရန်အတွက် . . .

အဓိဌာန်ပညာဒါနကွန်ပျုတာသင်တန်း 
လောကမာရဇိန်ဘုရားသိမ်တော်
ပုဏ္ဏားကျွန်းမြို့ 
မဟာဇေယျသိဒ္ဓိ အဓိဌာန်ဆရာတော်ကြီး၏ ပံ့ပိုးကူညီမှုဖြင့် ဖွင့်လှစ်သင်ကြားလျှက်ရှိ သော မဟာဇေယျသိဒ္ဓိအဓိဌာန်ပညာဒါန ကွန်ပျူတာသင်တန်းကို တက်ရောက်လို သော သူများအနေဖြင့် သင်တန်းကျောင်းတည်ရှိရာ လောကမာရဇိန် ဘုရားသိမ် တော်အတွင်းရှိ အဓိဌာန်ပညာဒါန(အခမဲ့) ကွန်ပျူတာသင်တန်းကျောင်းမှ လျှောက်လွှာများအား အခမဲ့ရယူပြီး လျှောက်ထားနိုင်ပါသည်။ သင်တန်းချိန်များ -
နံနက်- ၇ နာရီမှ ၉နာရီ
ညနေ- ၅ နာရီမှ ၇ နာရီ
ညနေ- ၇နာရီခွဲမှ ၉နာရီခွဲ
သင်ကြားပို့ချမည့် Course များမှာ-
- Operation System
- Microsoft Office 2007
-Microsoft Word 2007
-Microsoft Excel 2007
- Adobe PageMaker 7.0
တို့ကို လုပ်ငန်းခွင် ဝင်ရောက်လုပ်ကိုင်နိုင်
သည်အထိ သင်ကြားပို့ချနေပြီဖြစ်ပါသည်။ အခမဲ့ ကွန်ပျူတာသင်တန်းကျောင်းနှင့်ပတ်
သက်ပြီး အသေးစိတ်သိရှိလိုလျှင် -
ကိုအေးမင်းစိုး ( သင်တန်းတာဝန်ခံ) 
ph - 09421726998
ကိုမောင်တင်ဦး( သင်တန်းနည်းပြ )
ph - 09421737100
ကိုမောင်ကြီး (သင်တန်းနည်းပြ )
ph - 09450542415
ကိုစောသိန်း ( သင်တန်းနည်းပြ)
ph - 09258916102
မခင်မိုးဖြူ ( သင်တန်းနည်းပြ )
ph - 09421714845
မမြင့်မြင့်သန်း ( သင်တန်းနည်းပြ )
ph - 09251137364
မမေလှချေ ( သင်တန်းနည်းပြ )
ph - 09250456251
တို့ထံတွင် စုံစမ်းမေးမြန်းနိုင်ပါသည်။ 
Share:

ကျောင်းဆောင်သစ်ဖွင့်ပွဲအခမ်းအနားကျင်းပ

မဟောဇေယျသိဒ္ဓိအဓိဌာန်ပညာဒါန ကွန်ပျူတာကျောင်းဆောင်သစ်ဖွင့်ပွဲအခမ်းအနား

(၇-၆-၂၀၁၅) ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနား
(၇-၆-၂၀၁၅) ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနား
(၇-၆-၂၀၁၅) ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနား
သင်တန်းနည်းပြ ဆရာ/ဆရာမများ

(၇-၆-၂၀၁၅) နေ့ မဟာဇေယျသိဒ္ဓိအဓိဌာန်ပညာဒါန ကွန်ပျူတာသင်တန်း ကျောင်းဆောင်သစ်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အားပေးပါသော ဂုဏ်သရေရှိ လူကြီးမင်းများ၊ မြို့မိမြို့ဖများ သင်တန်းနည်းပြ ဆရာ/ဆရာမများနှင့် သင်တန်းသား/သင်တန်းသူများအား အထူးပင်ကျေးဇူးတင်ရှိပါကြောင်း . . .

Share:

အဓိဋ္ဌာန်တော်၏ အကျိုး

(၁) ကမ္ဘာတလွှား ထင်ရှားဂုဏ်အင်၊ မဟာမုနိမည်ရှိ ရုပ်ရှင်အာရုံပြုလျှက်၊ ထိပ်ထက်မှာတင်၊ အဓိဋ္ဌာန်မြတ်၊ ပွါးလက်သူတော်စင်။
(၂) သုံး၊ ငါး၊ ခုနှစ်၊ ကိုး တစ်မျိုးမျိုးပင်၊ စည်းကမ်းတကျ ပွါးများကြလျှင်၊ ဘေးဒဏ်ရန်ကျိုး ကပ်ဆိုးမ၀င်၊ ချမ်းသာရောက် မျက်မှောက်အခုမှာပင်။
(၃) ရာထူးလည်းတိုး၊ လာဘ်မိုးမြိုင်မြိုင်၊ အာဏာလွှမ်းမိုး၊ တန်းခိုးတက်နိုင်၊ ပြည်ရွာအတွင်း၊ သတင်းပျံ့ကြိုင်၊ အံ့မခန်းထူးဆန်း၊ ရွှေဘုန်းလှိုင်။
မဟာမြတ်မုနိအဓိဋ္ဌာန်ကျင့်စဉ်တွင်
(၁) ပထမအဆင့် (၃)ရက်၊ တစ်ရက်လျှင် စိပ်ပုတီးသုံးပတ် (သို့) သုံးနာရီကျစီ “ဘဂ၀ါ” ဟု ပွားများ။
(၂) ဒုတိယအဆင့် (၅)ရက်၊ တစ်ရက်လျှင် စိတ်ပုတီးငါးပတ် (သို့) ငါးနာရီကျစီ “မုနိဘဂ၀ါ” ဟုပွါးများ။
(၃) တတိယအဆင့် (၇)ရက်၊ တစ်ရက်လျှင် စိတ်ပုတီး ခုနစ်ပတ်(သို့) ခုနစ်နာရီကျစီ “မဟာမုနိဘဂ၀ါ” ဟုပွါးများ။
(၄) စတုတ္ထအဆင့် (၉)ရက်၊ တစ်ရက်လျှင် စိတ်ပုတီး ကိုးပတ် (သို့) ကိုးနာရီကျစီ “ဥုံမုနိ မဟာမုနိမုနိ”ဟု ပွးများ။
ကျင့်စဉ်ကာလအတွင်း အနန္တောအနန္ဒငါးပါးကို မပြစ်မှားပါ၊ ငါးပါးသီလမြဲနေခြင်း၊ သက်သတ်လွတ် ဆားဟင်းစားသုံးခြင်း၊ ဤသစ္စာခုနှစ်ချက်ကို ခံယူထားရမည်။
အဓိဋ္ဌာန်ဆောက်တည်၍ ပြီးဆုံးတိုင်း ပြီးဆုံးတိုင်း ဤမဟာမြတ်မုနိ ဂါထာတော်များကို ရွတ်ဖတ်၍ အဓိဋ္ဌာန်မှ ထပါ။
မဟာမြတ်မုနိဂါထာတော်များ
ဥုံမုနိဒေသွားဟုံဟုံ (၃)ကြိမ်
၁။ မဟာမုနိ၊ မဟာပုညော၊ မဟာတေဇော၊ မဟိဒ္ဓိကော၊ မယှံဒီပေါ၊ မယှံနာထော၊ မယှံဒေတု၊ မဟာလာ ဘော၊
၂။ မဟာမုနိ၊ မဟာပုညော၊ မဟာတေဇော၊ မဟိဒ္ဓိကော၊ မယှံဒီပေါ၊ မယှံနာထော၊ မယှံဒေတု၊ မဟာသ ခေါ၊
၃။ မဟာမုနိ၊ မဟာပုညော၊ မဟာတေဇော၊ မဟိဒ္ဓိကော၊ မယှံဒီပေါ၊ မယှံနာထော၊ မယှံဒေတု၊ မဟာဘောဂေါ၊
၎။ မဟာမုနိ၊ မဟာပုညော၊ မဟာတေဇော၊ မဟိဒ္ဓိကော၊ မယှံဒီပေါ၊ မယှံနာထော၊ မယှံဒေတု၊ မဟာဗလော၊
၅။ မဟာမုနိ၊ မဟာပုညော၊ မဟာတေဇော၊ မဟိဒ္ဓိကော၊ မယှံဒီပေါ၊ မယှံနာထော၊ မယှံဒေတု၊ မဟာ ယသော၊
၆။ မဟာမုနိ၊ မဟာပုညော၊ မဟာတေဇော၊ မဟိဒ္ဓိကော၊ မယှံဒီပေါ၊ မယှံနာထော၊ မယှံဒေတု၊ မဟာပညော၊
၇။ မဟာမုနိ၊ မဟာပုညော၊ မဟာတေဇော၊ မဟိဒ္ဓိကော၊ မယှံဒီပေါ၊ မယှံနာထော၊ မယှံဒေတု၊ မဟာ တေဇော၊
၈။ မဟာမုနိ၊ မဟာပုညော၊ မဟာတေဇော၊ မဟိဒ္ဓိကော၊ မယှံဒီပေါ၊ မယှံနာထော၊ မယှံဒေတု၊ မဟာဣန္ဒော၊
၉။ မဟာမုနိ၊ မဟာပုညော၊ မဟာတေဇော၊ မဟိဒ္ဓိကော၊ မယှံဒီပေါ၊ မယှံနာထော၊ မယှံဒေတု၊ မဟာဇေယော၊
ဥုံမဟာမုနိဘဂ၀ါနိစ္စံပါလေတု မံသဒါ (၃)ကြိမ်
မေတ္တာပို့အမျှဝေ
မကျွန်ုပ်ပြုလုပ်ရသော ကုသိုလ်ကံ၏ အဖို့ဘာဂကို မိခင်ဖခင်ဆရာရှင်နှင့်တကွ ကိုယ်စောင့်နတ် မဟာမြတ်မုနိ သိမ်တော်စောင့်နတ်၊ ရွာစောင့်နတ်၊ မြို့စောင့်နတ်၊ ပြည်စောင့်နတ်၊ တောစောင့်နတ်၊ ရေစောင့်နတ်၊ သာသနာတော်စောင့်နတ်၊ အာကာကစိုရ်း၊ ဘုမ္မစိုရ်း၊ ရုက္ခစိုရ်း၊ နဂါးဂဋ္ဌုံ၊ ကမ္ဘဏ်ယက္ခ၊ ဂန္ဓဗ္ဗနှင့် စတုလောကပါလာ၊ စစွာသောင်းသောင်း၊ သုံးဆယ်တစ်ဘုံကျင်လည်နေကြကုန်သော ဒုက္ခိတ၊ သုခိတ၊ ဝေနေယျ သတ္တ၀ါအပေါင်းတို့အား အမျှပေးဝေလိုက်ပါ၏။ အမျှ – အမျှ – အမျှ ယူတော်မူကြပါကုန်လော၊ အမျှရကြ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာရွှင်လန်းနိုင်ကြပါစေသော်။
သူတော်စင်သူတော်ကောင်းအပေါင်းတို့ ပေးပို့လိုက်သော ဆုထူးဆုမြတ်များနှင့် မေတ္တာဘာဝနာတို့ကို လည်း သာဓု သာဓုပါဘုရား ဟူ၍ အဓိဋ္ဌာန်မှ ထကြပါကုန်။
ကြီးပွါးတိုးတက်လိုသူတိုင်း ဤမဟာမြတ်မုနိ အဓိဋ္ဌာန် အမြဲဆောက်ထားကြပါ။

Share:

မဟာဇေယျသိဒ္ဓိအဓိဌာန်ပညာဒါန ကွန်ပျူတာသင်တန်း



မဟာဇေယျသိဒ္ဓိအဓိဌာန်ပညာဒါန ကွန်ပျူတာသင်တန်း Page ကို Facebook မှ တဆင့်ကြည့်ရှုရန် အောက်ပါ Link မှ ကြည့်ရှုနိုင်သည် . . .

Share:

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ အံကျိန်းတော်ကုန်း မဟာဇေယျသိဒ္ဓိ-အဓိဋ္ဌာန်ဆရာတော်ဘုရား၏ ထေရုပတ္တိအကျဉ်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ အံကျိန်းတော်ကုန်း မဟာဇေယျသိဒ္ဓိ-အဓိဋ္ဌာန်ဆရာတော်ဘုရား၏ ထေရုပတ္တိအကျဉ်း


ဆရာတော်သည် ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ စွန်ရဲကျေးရွာ၌ ဘခမည်းတော် ဦးဝဲဒိုး၊ မယ်တော် ဒေါ်စံသာဦးတို့မှ ၁၃၀၉ခု၊ ဝါခေါင်လဆုတ် (၄) ရက်၊ တနင်္လာ (၄-၈-၄၇)နေ့တွင် ဖွားမြင်သန့်စင်တော်မူခဲ့ပါ သည်။ ၁၃၂၀ခု၊ သက်တော် (၁၀) နှစ်တွင် ရှင်သာမဏေအဖြစ် ခံယူတော်မူခဲ့ပြီး ၁၃၂၈-ခု သက်တော် (၂၀) ပြည့်တွင် ရဟန်းဘောင်သို့ ၀င်ရောက်ခဲ့ပါသည်။ ပရိယတ္တိစာပေ နှင့်ပတ်သက်၍ နိုင်ငံတော်အစိုးရ၏ ငယ်-လတ်-ကြီး၊ ဓမ္မစရိယတန်း အောင်မြင်တော်မူခဲ့ပါသည်။ စစ်တွေမြို့၊ မြို့မကျောင်းတိုက်နှင့် ရန်ကုန်မြို့၊ ဗဟန်းဦး ထောင်ဗိုလ်လမ်းရှိ ဓည၀တီပရိယတ္တိစာသင်တိုက်တို့တွင် ပရိယတ္တိစာပေများကို သင်ကြားဆည်းပူးခဲ့ပါသည်။ စာချတန်း သုတ္တန် ပိဋကတ်၊ ဒိဃနိကာလ်ကို နှုတ်တက်အာဂုံဆောင်တော်မူခဲ့ပါသည်။ နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ဝင် (သာသနဓဇသီရိပရဓမ္မစရိယ) အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္တခန္တိ၏ အန္တေ၀ါသိက တပည့်ရင်း တစ်ဦးဖြစ်ပါသည်။
ထို့နောက် စွန်ရဲကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျောင်းထိုင်၊ ကျောင်းပိုင်အဖြစ် သီတင်းသုံးနေတော် မူလျက် တပည့်ရဟန်း ရှင်သာမဏေ၊ ကျား မ လူငယ် (၅၀၀) ခန့်တို့အား (၉) နှစ်တိုင်တိုင် ပရိယတ္တိစာပေများ ကို ပို့ချပေးတော်မူခဲ့ပါသည်။ သံဃနာယကအဖွဲ့အစည်းအဆင့်ဆင့်တို့၏ သြ၀ါဒကိုအမြဲတမ်းခံယူတော်မူလျက် တောတောင်အသီးသီးတို့၌ မဟာဇေယျ သိဒ္ဓိကျင့်စဉ်ခေါ် ဗုဒ္ဓါနုဿတိဘာဝနာကို ၁၃၄၁ ခု၊ နှစ်ဆန်း (၁) ရက် နေ့မှစ၍ ရာသက်ပန်သက်သက်လွတ်ဆွမ်းဘုဉ်းပေးလျက် စတင်ကြိုးစားအားထုတ်တော်မူလာခဲ့ရာ သက်တော် (၃၆) နှစ်၊ သိက္ခာတော် (၁၆)၀ါတွင် အဓိဋ္ဌာန်ဆရာတော်ဟူ၍ ထင်ပေါ်ကျော်ဇောလာခဲ့ပါသည်။ ဆရာတော် သည် မိမိဇာတိရပ်ရွာဖြစ်သော စွန်ရဲကျေးရွာ တစ်နေရာတည်းတွင် အားထုတ်နေတော်မူခဲ့ခြင်းဖြင့် အားရတင်း တိမ် ကျေနပ်မှုမရှိဘဲ မင်းပြား ကိန်းတောင်၊ ဝေသာလီ၊ ဦးရာဇ်တော်၊ မြောက်ဦး၊ ကျောက်တော်၊ ပလက်ဝ၊ ဆံတော်ရှင်၊ ဥဿလင်း၊ ရသေ့တောင်၊ မောင်တော စသော နေရာအသီးသီးတို့ကို ကြွရောက်တော်မူပြီး မိမိကိုယ်တော်တိုင်လည်း အဓိဋ္ဌာန်တော် ဆောက်တည်ခြင်း၊ တပည့်တကာ၊ တကာမတို့အား တရားဓမ္မဟော ပြောပြသခြင်း စသည့်သာသနာကိစ္စရပ်များကို နေ့မအား ညမအား ကျင့်ကြံအားထုတ်ဆောင်ရွက်တော်မူခဲ့ပါ သည်။
ဆရာတ်ေသည် သက္ကဋ၊ ဗြဟ္မီစသော ကျောက်စာမျိုးပေါင်း (၂၀) တို့ကို သိမြင်နားလည်သော ပုဂ္ဂိုလ် တစ်ပါးလည်း ဖြစ်ပါသည်။ မဟာဇေယျသိဒ္ဓိ အဓိဋ္ဌာန်ကျင့်စဉ်၊ မုနိဇာဘုရားပူဇော်နည်း၊ လောကနာထ၊ ဒေ၀ယ က္ခပူဇာ၊ ရေဆူဘုရားပူဇော်နည်းနှင့် (၂၈)ဆူ စက်ပရိတ်တော်စသော ဗုဒ္ဓစာပေများကို ဓမ္မဒါနအဖြစ် ရေးသားပြု စုတော်မူခဲ့ပါသည်။ တောတောင်အသီးသီးတို့၌ တရားအားထုတ်တော်မူ၍ အဓိဋ္ဌာန်အောင်ပွဲကျင်းပနေစဉ်ကာလ အတွင်း ဗောဓိညောင်ရွက်များသည် အောင်ပွဲတိုင်းကန်တော့ထိုးခြင်းကို ထူးဆန်းအံ့သြဖွယ်ရာ ပေါ်ပေါက်ခဲ့ ဖူးပါသည်။ ယခုအခါ ဆရာတော်သည် သာသနာ့မြေအဖြစ် နိုင်ငံတော်အစိုးရမှ တရားဝင်သတ်မှတ်ခွင့်ပြုထား သော စစ်တွေမြို့၊ အံကျိန်းတော်ကုန်း ကန်တော်ငယ်အနီး ၅ ဧကခန့်ရှိသော သာသနာ့မြေပေါ်တွင် သာသနာ တော် တည်တံ့ပြန့်ပွါးရေးအတွက် နောင်တစ်ခေတ် သမိုင်းတွင်ရစ်စေမည့် စတုရန်းပေ (၄၀၀၀၀) ရှိ မဟာဇေယျ သိဒ္ဓိ အဓိဋ္ဌာန်သိမ်တော်ကြီးတစ်ဆောင်ကို ရခိုင်ဘုရင်မားဗာကြီး ကိုးကွယ်တည်ထောင် တော်မူခဲ့သည့် ရှစ်သောင်းဘုရားပိုထိုးတော်ကို အခြေခံ၍ ကျပ်သိန်းပေါင်းများစွာ အကုန်အကျခံကာ ပုံစံယူတည်ဆောက် ထားပါသည်။ ဤမျှထုထည်ကြီးမားသော သိမ်တော်ကြီးတည်ဆောက်ရာတွင် မည်သည့်အတတ်ပညာရှင် အင်ဂျင်နီယူတစ်ဦးတစ်ယောက်ထံမှ အကူအညီတစ်စုံတစ်ရာ ရယူမှုမရှိဘဲ မိမိကိုယ်ပိုင်ဥာဏ်တော်ဖြင့်သာလျှင် ညွှန်ကြားတည်ဆောက်တော်မူခြင်းဖြစ်ပါသည်။ သိမ်တော်ကြီး၏ နံရံမှာ (၅-ပေ)ထုရှိပြီး အရန်တိုင်တစ်လုံးစီပေါ် တွင် သံဃာတော် (၉)ပါးဖြင့်လည်းကောင်း၊ ဆွမ်းဘုဉ်းပေးတော်မူခြင်း၊ ပရိတ်ပဋ္ဌာန် ရွတ်ဖတ်သရဇယ်ခြင်း စသော စသောအမှုကိစ္စတို့ကို ဆောင်ရွက် တောင်မူခဲ့ပါသည်။
ဤသိမ်တော်ကြိးအတွင်း ၆၄ မျိုးသော ဗုဒ္ဓရပ်ပွါးတော်များ၊ စေတီတော်ပေါင်း (၈၀) ဆူနှင့် ဓာတ်တော် မွေတော် ရုပ်ပွါးတော်ပေါင်း (၆၃၅၄၅၂၂) ဆူတို့ကို ဌာပနာသွင်း တည်ထားကိုးကွယ်လျက် မြန်မာတစ်မျိုးသား လုံး သာမက ကမ္ဘာသားအားလုံး အေးချမ်းသာယာပါစေကြောင်း မွန်မြတ်သော စိတ်ထားဖြင့် ရည်မှန်းချက်ထား ရှိ၍ ကျပ်သိန်းပေါင်းများစွာ အကုန်အကျခံကာ တည်ဆောက်တော်မူခြင်းဖြစ်ပါသည်။ ဤသိမ်းတော်ကြီး အပြီး သတ်တည်ဆောက်ရန် ခန့်မျန်းခြေ ကျပ်သိန်းပေါင်း (၂၀၀၀၀) ခန့် ကုန်ကျမည်ဟု သတ်မှတ်လျာထားရှိပါသည်။ ဤသိမ်တော်ကြီး၏ ခေါင်မိုးပေါ်တွင် ရာသီဥတုဒဏ် ခံနိုင်ရန်နှင့် အဓွန့်ရှည်စွာ ကြည်ညိုသဒ္ဓါပွားနိုင်ကြစေရန် ကြေးပုထိုးတော် (၉)လုံး တည်ထားပူဇော်ရန် ရည်သန်ထားရှိပါသည်။ ယခုအခါ လုပ်ငန်းအ၀၀၏ (၇၅)ရာခိုင်နှုန်း မျှပြီးစီးနေပြီ ဖြစ်ပါသည်။
တစ်ဖန် ဆရာတော်ဘုရားသည် ၀မ်းဖောဝမ်းရောင်ရောဂါ မချိမဆန့်ခံစားနေရ၍ အဓိဋ္ဌာန်တော်ကို ရပ်ထားရမည့် အနေအထားဖြစ်ပေါ်နေစဉ် ၁၃၄၄-ခု၊ တန်းခူးလဆန်း (၁၀) ရက်နေ့ ည (၁၂) နာရီအချိန်တွင် မထင်ရှားသောအမျိုးသမီးတစ်ဦးမှ ဆေးနည်းလာရောက်ပေးသွားပြီး ပျောက်ကွယ်သွားပါသည်။ ၄င်းဆေးနည်း ဖြင့် ဖော်စပ်ပြီး စားသုံးသည့်နေ့မှစ၍ ရောဂါဝေဒနာလုံးဝ ကင်းစင်ပျောက်သွားပြီး တရားဓမ္မဆက်လက်ဆောက် တည်အားထုတ်ခွင့်ရရှိတော်မူခဲ့ပါသည်။
မဟာဇေယျသိဒ္ဓိအဓိဋ္ဌာန် ဆရာတော်ဘုရားသည် မဟာဇေယျသိဒ္ဓိ မဓိဋ္ဌာန်ကျာင့်စဉ်ခေါ် ဗုဒ္ဓါနုဿတိ ကမ္မဋ္ဌာန်း၏ ပထမကဏ္ဍ၊ ပထမအဆင့် (၉) ရက်စတင်တည်ဆောက်၍ (၄) ရက်မြောက်နေ့ညတွင် ဆရာတော် ဘုရားရှေ့တည့်တည့်၌ ၀တ်ဖြူစင်ကြယ်ဝတ်ထားသော ပုဂ္ဂိုလ်တစ်ဦးနှင့် အနီးဝတ် (ယောဂီဝတ်) ပုဂ္ဂိုလ်တစ်ဦး ပေါင်း (၂)ဦးတို့သည် မမျှော်လင့်ဘဲ ရုတ်တရုတ်မတ်တပ်ရပ်လျက် ပေါ်လာသဖြင့် ဆရာတော်ဘုရားမှ “အသင် တို့သည် ငါ့ထက်တန်ခိုးအာနုဘော်ကြီးက ငါဦးညွှတ်မည်၊ ငါ့ထက်တန်ခိုးအာနုဘော်နည်းလျှင် ငါ့အားဦးချကြ” ဟုမိန့်ရှိသည်နှင့်တစ်ပြိုင်နက် ယင်းပုဂ္ဂိုလ်နှစ်ဦးစလုံး ပြိုင်တူဦးချကန်တော့ကြပြီး ပျောက်ကွယ်သွားကြကြောင်း အမိန့်ရှိဖူးပါသည်။
မင်းပြားမြို့နယ်၊ စွန်ရဲကျေးရွာ၊ ပြိန်းတောချေတောရကျောင်း ပဉ္စမကဏ္ဍ အဓိဋ္ဌာန်တော် (၇၂) ရက် ကာလအတွင်း မြွေဟောက်တစ်ကောင်သည် အိမ်မွေးတိရစ္ဆာန်တစ်ကောင်အလား ယဉ်ပါးစွာဖြင့် အန္တရာယ် တစ်စုံတစ်ရာမပြုလုပ်ဘဲ တစ်လခွဲခန့် သွားလာလှုပ်ရှားနေထိုင်ခဲ့ကြောင်း၊ ဆဋ္ဌမကဏ္ဍ အဓိဋ္ဌာန်တော် (၈၁)ရက် အတွင်း တစ်လတာမျှအတွင်း အိမ်မက် (၃)ကြိမ်တိတိ ဆက်တိုက်လာပေးနေပြန်သဖြင့် ၁၃၄၅-ခု၊ သီးတင်း ကျွတ်လဆန်း (၁၂)ရက်နေ့က တကာတစ်ဦးအား ခေါ်ယူပြီး တူးခိုင်းရာမှ ရှေးနှစ်ပေါင်း (၆၀၀)ခန့်လောက်က သွန်းလုပ်ခဲ့သော ရှေးဟောင်းကျောက်ညိုရုပ်ပွားတော်တစ်ဆုကို တူးဖော်ရရှိ၍ မဟာသုပိနမုနိဟု ဘွဲ့တော်ပေး ကာ ကိုးကွယ်ထားရှိခြင်း၊ ဆရာတော်ဘုရား၏ ပုံတော်ကိုအာရုံပြုလျက် လက်ဝါးကိုဖြန့်၍ ဆရာတော်ဘုရားအား
မနောဖြင့် ပင့်ဖိတ်ပါက ထင်ထင်ရှားရှား ဖူးမြော်ကြည်ညိုခွင့်ရကြခြင်း၊ ၁၉၉၄-ခု၊ ဇန်န၀ါရီလ ၂၇-ရက် (၁၃၅၅-ခု၊ ပြာသိုလ်လပြည့်)နေ့က တောင်ငူမြို့တွင် နေအိမ်အသီးသီးမှ ဆွမ်းဘုန်းပေးရန် ပင့်ဖိတ်လျှောက်ထား၍ ကြွ ရောက်တော်မူပြီး ပရိတ်တရားတော် ချီးမြှင့်ပေးရာမှ ပရိတ်ရေ ဆူပွတ်ခြင်း၊ ၁၉၉၄-ခု၊ ဖေဖေါ်ဝါရီလ (၂)ရက်နေ့ က တောင်ငူမြို့မှ မန္တလေးမြို့သို့ ကြွရောက်တော်မူရာ၌ ၄င်းနေ့တွင်ပင် တစ်ကြိမ်၊ နောက်တစ်နေ့ (၃-၂-၉၄)နေ့ တွင် တစ်ကြိမ်စသည်ဖြင့် (၂)ရက်တာကာလအတွင်း လေးလတိုင်တိုင် မိုးမရွာသွန်းခဲ့သော မန္တလေးမြို့တွင် (၃) ကြိမ်တိုင်တိုင် မိုးရာသွန်းခြင်းစသော ထူးဆန်းအံ့သြဖွယ်ရာ ဖြစ်ရပ်ဆန်းများ ပေါ်ပေါက်ခဲ့ဖူးပါသည်။ ယခုအခါ ဆရာတော်သည် စစ်တွေမြို့အံကျိန်းတော်ကုန်း မဟာဇေယျ သိဒ္ဓိအဓိဋ္ဌာန်သိမ်တော်ကြီး၌ ကမ္မဋ္ဌာန်းတရားဆက် လက်အားထုတ်ရင်း တကာ၊ တကာမများအား တရားရေအေး အမြိုက်ဆေးကို ဆက်လက်တိုက်ကျွေးလျက် ရှိနေပါသည်။
ဆရာတော်ဘုရားအနေဖြင့် မိမိသည် မဟာဇေယျသိဒ္ဓိကျင့်စဉ်ခေါ် ဗုဒ္ဓါနုဿတိ ကမ္မဋ္ဌာန်းကို ကျင့်ကြံ ကြိုးစားအားထုတ်နေသော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်နှင့်အညီ မြတ်စွာဘုရားကိုယ်တော်တိုင် သက်တော်ထင်ရှား ရှိစဉ်ကပင် ကိုယ်စားတော်အဖြစ် သွန်းလုပ်တော်မူခဲ့သော တစ်နည်းအားဖြင့် သက်တော်အရှည်ဆုံး ရုပ်ပွါးတော် တစ်ဆူလည်း ဖြစ်တော်မူသည့် မဟာမြတ်မုနိကြေးဆင်းတု ရုပ်ပွါးတော်ဆစ်ဆူကို မိမိကြွရောက်တော်မူရာ အရပ်ဒေသတိုင်းသို့လည်းကောင်း၊ အဓိဋ္ဌာန်တော်ဝင်စဉ်ကာလတစ်လျှောက်လုံးတွင်လည်းကောင်း၊ မိမိနှင့် မကွဲမကွာ ဦးထိပ်ထား၍ ပင့်ဆောင်ပူဇော်လျက် ပြည်တွင်း/ပြည်ပ ဒေသစာရီ ကြွချီတော်မူပြီး သတ္တ၀ါအနန္တတို့ အား မေတ္တာတရားချီးမြှင့်ခြင်းဖြင့် အပူဇော်ခံလျက်ရှိနေပါသည်။ ဆရာတော်ဘုရားအား မိမိရောက်ရှိရာ နေရာ အရပ်ရပ်မှ မနောအာရုံဖြင့် ပင့်ဆောင်ပူဇော်နိုင်ခြင်း၊ ပရိတ်တရားချီးမြှင့်သည့်အခါတိုင်း ပရိတ်ရေဆူပွက်ခြင်း စသော ထူးခြင်းသည့် ဖြစ်ရပ်များကို ယနေ့ထက်တိုင် ဆရာတော်အရှင်မြတ်အား ဖူးတွေ့ရသူတိုင်း ကိုယ်တိုင် တွေ့မြင် ကြည်ညိုသဒ္ဓါပွါးများကြရမည်ဖြစ်ပါသည်။
ဆရာတော်သည် ဓူတင် (၄)ပါးနှင့် ပသစ္စာ (၇)ချက်ကို ရာသက်ပန် ဆောက်တည်ထားပါသေးသည်။
Share:

ဆက်သွယ်ရန်

ပုဏ္ဏားကျွန်းမြို့
အလယ်စုရပ်ကွက်
လောကမာရဇိန်ဘဘုရားကြီးသိမ်တော်ဝင်းအတွင်း

Phone -09260095775,09421737100
https://web.facebook.com/addithtan
https://www.adithtan.blogspot.com/
Email-adithtanfreecomputer@gmail.com

Popular Posts

Blog Archive

Recent Posts

သင်​တန်းအကြောင်းအရာ

> Window 7 Operating System(OS) နှင့်ပတ်သက်သည့် လုပ်ဆောင်ချက်များ Control Panel တွင် ပါရှိသည့် Tools များအားအသုံးပြုတတ်စေရန် စာတွေ့လက်တွေ့သင်ကြားပေးမယ့် Window 7 [OS] သင်တန်း
> Microsoft Word ဆော့ဖ်ဝဲကို အသုံးပြုပြီး ရုံးစာများအား Formating ကျကျအသုံးပြုရိုက်တတ်စေရန်သင်ကြားပေးပြီး ရုံးလုပ်ငန်း/လုပ်ငန်းခွင်များတွင် ဝင်ရောက်လုပ်ကိုင်နိုင်မယ့် Microsoft World သင်တန်း
> Microsoft Excel ဆော့ဖ်ဝဲကို အသုံးပြုပြီး Formula များဖြင့်စာရင်းဇယားများပြုလုပ်ခြင်းတို့ကို သင်ကြားပေးပြီး ရုံးလုပ်ငန်းများ/လုပ်ငန်းခွင်များတွင် ဝင်ရောက် လုပ်ကိုင်နိုင်မယ့် Microsoft Excel သင်တန်း
> Microsoft PowerPoint ဆော့ဖ်ဝဲကို အသုံးပြုပြီး Presentation များပြုလုပ်ရာတွင် Animation Effect များ Sound Effect များ Timing Control များကို သင်ကြားပေးပြီး ရုံးလုပ်ငန်းများ/လုပ်ငန်းခွင်များတွင် ဝင်ရောက်လုပ်ကိုင်နိုင်မယ့် Microsoft PowerPoint သင်တန်း
> Adobe PageMaker ဆော့ဖ်ဝဲကိုအသုံးပြုပြီး လိပ်စာကတ်များ လက်ကမ်းစာစောင်များ ဖိတ်စာများအား လုပ်ငန်းခွင်ဝင်ရောက်နိုင်သည်အထိ သင်ကြားပေးမယ့် Desk Top Publication(DTP) သင်တန်း
တက်ရောက်သင်ကြားနိုင်သည့်အချိန်
-[7:00] to [9:00]AM-[7:00] to [9:00]PM