မဟာဇေယျသိဒ္ဓိအဓိဋ္ဌာန်ပညာဒါန နွေရာသီ အခြေခံကွန်ပျူတာသင်တန်း ဆင်းပွဲအခမ်းအနားကျင်းပခြင်း။
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၊ မဟာဇေယျသိဒ္ဓိအဓိဋ္ဌာန်ပညာဒါန ကွန်ပျူတာသင်တန်းကျောင်းတွင် ဖွင့်လှစ်သင်ကြားလျှက်ရှိသော နွေရာသီအခြေခံကွန်ပျူတာသင်တန်းဆင်းပွဲအခမ်းအနားကို (၂၀-၅-၂၀၁၈) (၀၉း၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားကို မြို့နယ်ပြန်ဆက်ဦးစီးမှူးနှင့် ဌာနဆိုင်ရာ ဆရာ/ဆရာမများ အသင်းအဖွဲ့မှ စေတနာရှင်များ တက်ရောက်ချီးမြှင့်ခဲ့ပါသည်။
မဟာဇေယျသိဒ္ဓိအဓိဋ္ဌာန်ပညာဒါန (အခမဲ့) ကွန်ပျူတာသင်တန်းကျောင်းကို မဟာဇေယျသိဒ္ဓိအဓိဋ္ဌာန်ဆရာတော်ကြီးမှ ထူထောင်ထားခြင်းဖြစ်ပြီး ၂၀၁၃ ခုနှစ်မှစ၍ ပုံမှန်သင်တန်းများ ဖွင့်လှစ်လျှက်ရှိရာ ယခုသင်တန်းမှာ နွေရာသီကာလနှင့် ကျောင်းသား/သူ အတွက် သီးခြားဖွင့်လှစ်ပေးခြင်း ဖြစ်ပါသည်။
























