လူငယ်​များစာ​ပေနှင့်​ စကား​ပြောစွမ်းရည်

9.12.2017 စနေနေ့ ညနေ 7:00 တိတိ အချိန်တွင် ပုဏ္ဏားကျွန်းမြို့နယ်လုံးဆိုင်ရာ လူငယ်များ စာပေ နှင့် စကားပြောစွမ်းရည်ပြိုင်ပွဲ တစ်ရပ်ကို စည်ကားသိုက်မြိုက်စွာဖြင့် ((မဟာ​ဇယျသိဒ္ဓိအဓိဋ္ဌာန်ပညာဒါန (အခမဲ့) ကွန်ပျူတာ​​သင်တန်းကျောင်း၊ Humanity Youth Centre အင်္ဂလိပ် စကား​ပြောသင်တန်းကျောင်း၊ ရက္ခဗျာလ ရွာဟောင်းရပ်ကွက် လူမှုရေးအသင်း))တို့ ၃ ဖွဲ့မှ အဓိက ဦးဆောင်ပြီး တခြားပုဏ္ဏားကျွန်းမြို့မှ စာပေဝါသနာရှင် လူငယ်များ၏ ပူးပေါင်းမှုဖြင့် ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။ စာအုပ် စာပေများသည် လူ့သမိုင်းတလျှောက် လူမျိုးဆက်ပေါင်းများစွာ၏ ဘဝ အတွေ့အကြုံများမှ ပေါ်ထွက်လာသော ရတနာများဖြစ်သည်နှင့်အညီ  ကျွန်တော်တို့၏ မျိုးဆက်သစ်များကိုလည်း အနာဂါတ်လှပဖို့ စာအုပ်စာပေများနှင့် နီးစပ်ပါစေကြောင်း ရည်ရွယ်လျှက် ယခုပွဲကို ကျင်းပရခြင်းဖြစ်ပါသည်။ မိဘပြည်သူများအနေ ဖြင့်လည်း သီးသန့်ဖိတ်စာ မရသိတိုင် မိမိတို့၏ မျိုးဆက်သစ်လူငယ်များကို အားပေးချီးမြှောက်သည့်အနေဖြင့် လာရောက်အားပေး ကြပါရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။
Share:

ဆက်သွယ်ရန်

ပုဏ္ဏားကျွန်းမြို့
အလယ်စုရပ်ကွက်
လောကမာရဇိန်ဘဘုရားကြီးသိမ်တော်ဝင်းအတွင်း

Phone -09260095775,09421737100
https://web.facebook.com/addithtan
https://www.adithtan.blogspot.com/
Email-adithtanfreecomputer@gmail.com

Popular Posts

Recent Posts

သင်​တန်းအကြောင်းအရာ

> Window 7 Operating System(OS) နှင့်ပတ်သက်သည့် လုပ်ဆောင်ချက်များ Control Panel တွင် ပါရှိသည့် Tools များအားအသုံးပြုတတ်စေရန် စာတွေ့လက်တွေ့သင်ကြားပေးမယ့် Window 7 [OS] သင်တန်း
> Microsoft Word ဆော့ဖ်ဝဲကို အသုံးပြုပြီး ရုံးစာများအား Formating ကျကျအသုံးပြုရိုက်တတ်စေရန်သင်ကြားပေးပြီး ရုံးလုပ်ငန်း/လုပ်ငန်းခွင်များတွင် ဝင်ရောက်လုပ်ကိုင်နိုင်မယ့် Microsoft World သင်တန်း
> Microsoft Excel ဆော့ဖ်ဝဲကို အသုံးပြုပြီး Formula များဖြင့်စာရင်းဇယားများပြုလုပ်ခြင်းတို့ကို သင်ကြားပေးပြီး ရုံးလုပ်ငန်းများ/လုပ်ငန်းခွင်များတွင် ဝင်ရောက် လုပ်ကိုင်နိုင်မယ့် Microsoft Excel သင်တန်း
> Microsoft PowerPoint ဆော့ဖ်ဝဲကို အသုံးပြုပြီး Presentation များပြုလုပ်ရာတွင် Animation Effect များ Sound Effect များ Timing Control များကို သင်ကြားပေးပြီး ရုံးလုပ်ငန်းများ/လုပ်ငန်းခွင်များတွင် ဝင်ရောက်လုပ်ကိုင်နိုင်မယ့် Microsoft PowerPoint သင်တန်း
> Adobe PageMaker ဆော့ဖ်ဝဲကိုအသုံးပြုပြီး လိပ်စာကတ်များ လက်ကမ်းစာစောင်များ ဖိတ်စာများအား လုပ်ငန်းခွင်ဝင်ရောက်နိုင်သည်အထိ သင်ကြားပေးမယ့် Desk Top Publication(DTP) သင်တန်း
တက်ရောက်သင်ကြားနိုင်သည့်အချိန်
-[7:00] to [9:00]AM-[7:00] to [9:00]PM