ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၊ မဟာဇေယျသိဒ္ဓိ အဓိဋ္ဌာန်ပညာဒါန
ကွန်ပျူတာသင်တန်း အမှတ်စဉ် (၂၄) သင်တန်း ဆင်းပွဲ ကို ယနေ့
(၁၆-၆-၂၀၁၇) နံနက် (၈း၀၀) နာရီ အချိန်တွင် ပြုလုပ်ကျင်းပခဲ့ပါသည်။
အခမ်းအနား တွင် သင်တန်း ဥက္ကဋ္ဌ ဦးစံလှဘော်မှ
အဖွင့်အမှာစကားပြောကြားပြီး သင်တန်းနည်းပြတာဝန်ခံ ဦးစောသိန်း မှ
သင်တန်း အကြောင်းအရာများအား ရှင်းလင်း ပြောကြားပြီး
သင်တန်းနည်းပြဆရာ ဦးမောင်တင်ဦး၊ ဦးကျော်ငြိမ်းသူ တို့မှ
မိတ်ဆက်စကားပြောကြားခဲ့ပါသည်။ သင်တန်းသား/သင်တန်းသူ
များမှ ကျေးဇူးတင်စကားပြောကြားပြီး တစ်ဦးချင်း
မိတ်ဆက်စကားများပြောကြားခဲ့ပါသည်။ ထို့နောက် အမှတ်စဉ် (၂၄)
သင်တန်းဆင်း သင်တန်းသား/သူများအား သင်တန်းလက်မှတ်များ
ပေးအပ်ပြီး သင်တန်းကျောင်းအတွက် လိုအပ်သော ပစ္စည်းများ စုပေါင်း၍
လှူဒါန်းခဲ့ပြီး အမှတ်တရဓာတ်ပုံများ ရိုက်ကူးခဲ့ကြပါသည်။
အခမ်းအနားကို နံနက် (၁၀း၀၀) တွင် အောင်မြင်စွာပြီးဆုံးခဲ့ပါသည်။
တက်ရောက်လာကြသော သင်တန်းနည်းပြ ဆရာ/ဆရာမများနှင့်
သင်တန်းသား/သူများအား ကျေးဇူးအထူးတင်ရှိပါသည်။




















