ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၊ မဟာဇေယျသိဒ္ဓိ အဓိဋ္ဌာန်ပညာဒါန ကွန်ပျူတာသင်တန်း အမှတ်စဉ် (၂၃) သင်တန်း ဆင်းပွဲနှင့် အမှတ်စဉ် (၂၄) သင်တန်း ဖွင့်ပွဲကို ယနေ့ (၁၄-၅-၂၀၁၇) နံနက် (၈း၀၀) နာရီ အချိန်တွင် ပြုလုပ်ကျင်းပခဲ့ပါသည်။ အခမ်းအနား တွင် သင်တန်း ဥက္ကဋ္ဌ ဦးစံလှဘော်မှ အဖွင့်အမှာစကားပြောကြားပြီး သင်တန်းနည်းပြတာဝန်ခံ ဦးအေးမင်းစိုး၊ သင်တန်းနည်းပြဆရာ ဦးစောသိန်း တို့မှ သင်တန်း အကြောင်းအရာများအား ရှင်းလင်း ပြောကြားပြီး သင်တန်းနည်းပြဆရာ ဦးမောင်တင်ဦး၊ ဦးကျော်ငြိမ်းသူ၊ ဒေါ်အေးစန္ဒာနိုင်၊ ဒေါ်အေးအေးမြင့်၊ ဒေါ်စိုးဥမ္မာထွန်း၊ ဒေါ်ခင်သန်းဝေ၊ ဒေါ်ချိုမီခိုင်၊ ဒေါ်လှဌေးတင် တို့မှ မိတ်ဆက်စကားပြောကြားခဲ့ပါသည်။ သင်တန်းသားတစ်ဦးနှင့် သင်တန်းသူ တစ်ဦးမှ ကျေးဇူးတင်စကားပြောကြားပြီး တစ်ဦးချင်း မိတ်ဆက်စကားများပြောကြားခဲ့ပါသည်။ ထို့နောက် အမှတ်စဉ် (၂၃) သင်တန်းဆင်း သင်တန်းသား/သူများအား သင်တန်းလက်မှတ်များ ပေးအပ်ပြီး စုပေါင်း၍အမှတ်တရဓာတ်ပုံများ ရိုက်ကူးခဲ့ကြပါသည်။ အခမ်းအနားကို နံနက် (၁၀း၀၀) တွင် အောင်မြင်စွာပြီးဆုံးခဲ့ပါသည်။ တက်ရောက်လာကြသော သင်တန်းနည်းပြ ဆရာ/ဆရာမများနှင့် သင်တန်းသား/သူများအား ကျေးဇူးအထူးတင်ရှိပါသည်။
Home »
» အမှတ်စဉ် (၂၃) သင်တန်းဆင်းပွဲ နှင့် အမှတ်စဉ် (၂၄) သင်တန်းဖွင့်ပွဲ အခမ်းအနား