မဟာဇေယျသိဒ္ဓိ အဓိဌာန်ပညာဒါန Computer သင်တန်း အမှတ်စဉ်(18) နံနက်ပိုင်း သင်တန်းသူ/သင်တန်းသားများ Computer Basic Operating System စာမေးပွဲအား ဖြေဆိုနေကြစဉ် . . .27.4.2016(Wed) 7:00 am
မဟာဇေယျသိဒ္ဓိအဓိဌာန်ပညာဒါန ကွန်ပျူတာသင်တန်း
မဟာဇေယျသိဒ္ဓိအဓိဋ္ဌာန် ပညာဒါန ကွန်ပျူတာသင်တန်းကျောင်းကို ၂၀၁၃ခု၊ ဒီဇင်ဘာလ (၂) ရက်နေ့တွင် ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်ရှိ လောကမာရဇိန် ဘုရားကြီးပရဝုဏ်အတွင်းတွင် စတင်တည်ထောင်ဖွင့်လှစ်ခဲ့ပါသည်။
ရန်အောင်ချမ်းသာဘုရားကြီး မျက်လုံးတော် အတွက် ဦးဇော်အေး၊ ဒေါ်စိန်ပွင့်မိသားစု (ရန်ကုန်)မှ မြန်မာငွေ (၁၀)သိန်း ထပ်မံလှူဒါန်းစဉ် (၁၈-၀၄-၂၀၁၆)
ကမ္ဘာ့သာသနာပြုမဟာဇေယျသိဒ္ဓိအဓိဌာန်ဆရာတော်ကြီးနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး (ရခိုင်ပြည်နယ်အုပ်ချုပ်ရေးမှူး) ဦးတင်မောင်ဆွေနှင့် မိသားစုဝင်များ အဓိဌာန်ပညာဒါန(အခမဲ့)ကွန်ပျူတာသင်တန်းသို့ရောက်ရှိ
(4-9-1016) နေ့ ကမ္ဘာ့သာသနာပြုမဟာဇေယျသိဒ္ဓိအဓိဌာန်ဆရာတော်ကြီးနှင့်
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး (ရခိုင်ပြည်နယ်အုပ်ချုပ်ရေးမှူး)
ဦးတင်မောင်ဆွေနှင့် မိသားစုဝင်များ ပုဏ္ဏားကျွန်းမြို့ အလယ်စုရပ်ကွက်ရှိ
တည်ထားကိုးကွယ်လျှက်ရှိသော လောကမာရဇိန်ဘုရားကြီးအားဖူးမြော်ပြီး
အဓိဌာန်ပညာဒါန(အခမဲ့)ကွန်ပျူတာသင်တန်းသို့
ဝင်ရောက်ကြည့်ရှုအားပေးခဲ့ပါသည်။ပြည်နယ်အုပ်ချုပ်ရေးမှူးနှင့်မိသားစုဝင်များမှ
သင်တန်းကျောင်းတွင်လိုအပ်သည့် Projector တစ်စုံနှင့်
သင်တန်းတွင်လိုအပ်သည်များကို လှူဒါန်းခဲ့ပြီး
သင်တန်းကျောင်းတိုးတက်အောင်မြင်ရေးအတွက် လိုအပ်သည်များကို
ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း အဓိဌာန်ဆရာတော်ကြီးအား
တင်ပြလျှောက်ထားခဲ့ပါသည်။
မဟာဇေယျသိဒ္ဓိအဓိဌာန်ပညာဒါန(အခမဲ့)ကွန်ပျူတာသင်တန်း
မဟာဇေယျသိဒ္ဓိအဓိဌာန်ပညာဒါန(အခမဲ့)ကွန်ပျူတာသင်တန်း အမှတ်စဉ် ၁၇/၂၀၁၆ သင်တန်းဆင်းပွဲနှင့် အမှတ်စဉ် ၁၈/၂၀၁၆ သင်တန်းဖွင့်ပွဲအား ပြုလုပ်ကျင်းပစဉ်...